• မြန်မာဆိုက်ဘာလုံခြုံရေး သိမြင်နိုးကြားမှု အစီအစဉ်

    ကြားသိ ၊ ဘေးကင်း ၊ ကြံ့ခိုင်

  • ကာတွန်းများ

    ဆိုက်ဘာလုံခြုံရေး အသိပေး ရုပ်ပြကာတွန်းများ

  • လှုပ်ရှားမှုများ

    အစည်းအဝေး၊ အလုပ်ရုံဆွေးနွေးပွဲများ နှင့် နှီးနှောဖလှယ်ပွဲများ

  • background image
    background image
    background image
    background image
    background image
    background image
    background image
  • Privacy in the Digital Age

    "Privacy in the Digital Age" ဆိုသော ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ ၏ လူအကြိုက်အများဆုံးသော အနုပညာရှင်ကာတွန်းဆရာ ၃၀ ဦးအား ဖိတ်ကြားကာ ဆိုက်ဘာဘေးကင်း အလုပ်ရုံ‌ဆွေးနွေးပွဲအား နေ့တစ်ဝက် ကျင်းပပြုလုပ်ခဲ့ပါသည်။ ကိုယ်ရေးကိုယ်တာ Privacy ၏အဓိပ္ပာယ်နှင့်အရေးကြီးမှု၊၎င်းသည်မြန်မာနိုင်ငံရှိအင်တာနက်သုံးစွဲသူများအပေါ်မည်သို့အကျိုးသက်ရောက်မှုရှိသည်တို့ကိုဆွေးနွေးခဲ့ကြသည်။ ကာတွန်းဆရာများကလည်း
    ဒီဂျစ်တယ်ခြေရာများ၊ တည်နေရာခြေရာခံခြင်း နှင့် အခြေခံအွန်လိုင်း privacy လုံခြုံရေးဆက်တင်များ နှင့် ပတ်သက်သောအယူအဆသစ်များစွာကို‌သိရှိခဲ့ရပြီး တက်ရောက်လာသော အနုပညာရှင်ကာတွန်းဆရာများကလည်း တက်ကြွစွာပါဝင်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။
    တက်‌ရောက် ပါဝင်ခဲ့သော အနုပညာရှင်ကာတွန်းဆရာ တစ်ဦးစီတိုင်းမှအွန်လိုင်း privacy မြှင့်တင်ရေး နှင့် ပတ်သက်သော ပညာ‌ပေးအနုပညာလက်ရာများကို‌ ရေးဆွဲကာ မကြာမှီအချိန်အတွင်း ထိုအနုပညာ လက်ရာများကို တင်ဆက်ပေးသွားပါမည်။

  • background image
    background image
    background image
    background image
    background image
    background image
    background image
    background image
    background image
    background image
  • Cyber Baykin University Tour

    2020 ခုနှစ်၏ နှစ်အစဖြစ်သော နှစ်လ အတွင်း ကျွန်ုပ် တို့ ဆိုက်ဘာဘေးကင်းမှ စကားအလှကုထုံးနှင့် ပူးပေါင်းကာ Digital literacy workshops များကို မော်လမြိုင် ၊မြစ်ကြီးနား နှင့် ဘားအံ စသာ မြို့များရှိ တက္ကသိုလ်များတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

    Cyber safety ၊ Critical thinking in digital Age
    နှင့် Online ethics ဆိုသော ခေါင်းစဉ်များဖြစ်Workshops ပေါင်း ၁၈ ခုကို ပြုလုပ်ခဲ့ရာ ၂၅၀၀ ကျော် သော ကျောင်းသား/သူများနှင့် ဆရာ/မများ ပါဝင် လေ့လာဆင်နွှဲ ခဲ့ကြပါသည်။ အကြောင်းအရာသစ်များကို ကျွန်ုပ်တို့ က ပထမဆုံး‌အနေနဲ့ သင်ကြားပေးခဲ့ရသည်ဖြစ်သော်လည်း ကျောင်းသား/သူများက စိတ်အားထက်သန်စွာများစွာ‌သော မေးခွန်းများ မေးခြင်းနှင့် ဖြေဆိုခြင်းများကို ပြုလုပ်ခဲ့ရပါသည်။

    ဝင်ရောက် ကူညီ လုပ်ကိုင်ပေးခဲ့သော ကျောင်းသား/သူ အဖွဲ့ဝင်များကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါသည်။ သင်တို့နှင့်အတူဤကဲ့ သို့သော ပွဲများပြုလုပ်ခွင့်ရခဲ့သည့်အတွက်အလွန် ဝမ်းသာ ဂုဏ်ယူမိပါသည်။

  • background image
    background image
    background image
    background image
    background image
  • CyberSmart4All workshops for Myanmar Cybersecurity Month

    လူငယ်များနှင့် မိဘများ အား ဆိုက်ဘာလုံခြုံရေးကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် Facebook ၏ ပံ့ပိုး မှု ဖြင့် ကျွန်ုပ်တို့ ဆိုက်ဘာဘေးကင်း မှ Myanmar Cybersecurity Month နှင့် ပူး‌‌ ‌ပေါင်း ကာ အလုပ်ရုံဆွေးနွေးပွဲ များကို ပြုလုပ်ခဲ့ပါသည်။
    အ‌ခြေခံကျသော ဒစ်ဂျစ်တယ်ခြေရာများနှင့် ဆိုက်ဘာလုံခြုံရေး စသော အရေးပါသည့်အပိုင်းများကိုသင်ကြားပေးခဲ့ပါသည်။လူမှုမီဒီယာပရိုဖိုင်းဆက်တင်များ၊ privacy ချိန်ညှိချက်များနှင့်အကောင့်ကာကွယ်မှုစသကဲ့သို့ အွန်လိုင်း တွင်လုံခြုံစွာအသုံးပြုပုံကို ရိုးရှင်းသောနည်းလမ်းများနှင့်အကြံဥာဏ်များကိုဝေမျှခဲ့ပါသည်။
    ကျွန်ုပ်တို့သည် လူငယ်များနှင့်ကလေးငယ်များ၏မိဘများအကြားဆိုက်ဘာလုံခြုံရေးအသိပညာမြှင့်တင်ရန်မျှော်လင့်ပါသည်။

  • အစီအစဉ် အကြောင်း

     

    မြန်မာနိုင်ငံတွင် ဆိုင်ဘာအန္တရာယ်နှင့် ဘေးကင်းရေး အသိအမြင် ပြန့်ပွားရေးအတွက်၊ ဒေါက်တာ Lennon Chang (Monash University, Australia) နှင့် ဦးရဲသူရသက် (Kernellix Co., Ltd., Myanmar) တို့ပူးပေါင်းကာ မြန်မာဆိုင်ဘာလုံခြုံရေး သိမြင်နိုးကြားမှု အစီအစဉ်ကို စတင်ခဲ့ပါသည်။
     
    မြန်မာဆိုင်ဘာလုံခြုံရေး သိမြင်နိုးကြားမှု အစီအစဉ်ကို မြန်မာ့ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန National Cyber Security Center နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပြီး Australian Department of Foreign Affairs and Trade နှင့် Monash University တို့မှ ထောက်ပံ့ပေးပါသည်။
     

    broken image
    broken image
    broken image
    broken image
  • ဆက်သွယ်ရန်

    ကျွန်ုတို့ကို အောက်ပါဖောင်ဖြင့် ဆက်သွယ်နိုင်ပါသည်။. သို့မဟုတ် hi at cyberbaykin dot org သို့ အီးမေးပို့နိုင်ပါသည်။